Breaking News

ကျောင်းအုပ်ကြီး

လက်ရှိတာဝန်ထမ်းနေသောကျောင်းအုပ်ကြီး၏ ကိုယ်ရေးအချက်အလက်များ အမည် ဒေါ်အေးနွဲ့စံ ဘွဲ့ M.E(Mech;) ရာထူး ကျောင်းအုပ်ကြီး၊ဒု- ညွှန်ကြားရေးမှူးချုပ် စုစုပေါင်းလုပ်သက် ၃၄နှစ် ၂လ လက်ရှိကျောင်းတာဝန်ထမ်းဆောင်သည့်ကာလ ၂၁.၁၂.၂၀၂၃ မှ ယနေ့အထိ

ကျောင်း၏နောက်ခံသမိုင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)ကို ယခင်ကွန်ပျူတာတက္ကသိုလ်(မကွေး) ကျောင်းမြေနေရာနှင့် အဆောက်အဉီများကို အသုံးပြုပြီး (၂၆-၁-၂၀၁၅)ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) အဖြစ်စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းအုပ်ကြီး အဖြစ် ဉီးခင်မောင်ညွန့် ME(Chemical) Russia မှ တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ တည်နေရာ အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မကွေးမြို့၏ အနောက်မြောက်ထောင့်၊ မြသလွန်စေတီအရှေ့ဘက်၊ မြို့ရှောင်လမ်းဘေးတွင်...

တာဝန်ထမ်းဆောင်ခဲ့သော ကျောင်းအုပ်ကြီးများ

စဉ် ကျောင်းအုပ်ကြီးအမည် ဘွဲ့အမည် တာဝန်ထမ်းဆောင်သည့် ကာလ ၁။ ဒေါက်တာထိန်ဝင်း Ph.D(Met) Russia   ၂။ ဉီးခင်မောင်ညွန့် M.E(Chem) Russia ၅-၄.၂၀၁၅ မှ ၂၁-၈-၂၀၁၈ ထိ ၃။ ဒေါက်တာနန်းမိုးမိုးကြည် Ph.D(EP) ၁၇-၈-၂၀၁၈ မှ ၆-၇-၂၀၂၀ ထိ...

ပုံမှန်သင်တန်းများ

(က) မြို့ပြအင်ဂျင်နီယာဘာသာရပ် (Civil Engineering) သင်ကြားပေးလျက်ရှိသောအဓိကဘာသာရပ်များ (ခ) အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် (Electronics Engineering) (ဂ) လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် (Electrical Power Engineering) (ဃ) စက်မှုအင်ဂျင်နီယာဘာသာရပ် (Mechanical Engineering)

ရည်ရွယ်ချက်

၁.ကျောင်းမှမွေးထုတ်ပေးလိုက်သည့်ကျောင်းဆင်းလူငယ်၊လူရွယ်များအရည်အချင်းပြည့်ဝသော နည်းပညာရှင်များ၊ ကျွမ်းကျင်လုပ်သားများ ထွက်ပေါ်လာစေရန် ၂.ဒေသတွင်းလိုအပ်သောအသက်မွေး၀မ်းကြောင်းပညာများကိုပုံမှန်သင်တန်းများနှင့်ကာလတိုသင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပြီးသင်ကြား ပေးနိုင်စေရန် ၃.ဒေသအတွက် အားကိုးအားထားရသော သက်မွေးပညာသင်တန်း ကျောင်း(၁)ကျောင်း ဖြစ်ပေါ်လာစေရန်

နောက်ခံသမိုင်းကြောင်း

တည်နေရာ             အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး)သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ နံကပ်ကျွန်းကျေးရွာအုပ်စု၊ မကွေးမြို့၏ အနောက် မြောက်ထောင့်၊ မြသလွန်စေတီအရှေ့ဘက်၊ မြို့ရှောင်လမ်းဘေးတွင် တည်ရှိ၍ ဗိုလ်ချုပ်လမ်းနှင့် နတ်မောက်လမ်းဆုံမှ လာလျှင်(၁)မိုင် (၆)ဖာလုံကွာဝေးပါသည်။ အကျယ်အဝန်း                     ကျောင်း၏ အကျယ်အဝန်းမှာ (၃၆.၆၂ဧက) ကျယ်ဝန်းပါသည်။