Breaking News

ဝင်ခွင့်လိုအပ်ချက်များ


အစိုးရနည်းပညာအထက်တန်းကျောင်းမှ အထူးအောင်မြင်သူများနှင့် တက္ကသိုလ်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာတွဲများဖြင့် အောင်မြင်သူများ တက်လို့ရပါသည်။
ဝင်ခွင့်ဖြေဆိုရန် မလိုအပ်ပါ။
အင်္ဂလိပ်စာနှင့် သင်္ချာ(၂)ဘာသာပေါင်း ရမှတ်များအပေါ် မူတည်ပြီး ရွေးချယ်ခေါ်ယူပါသည်။
၁။မြို့ပြအင်ဂျင်နီယာသင်တန်း ၂။အီလက်ထရောနစ်အင်ဂျင်နီယာသင်တန်း ၃။လျှပ်စစ်စွမ်းအားအင်ဂျင်နီယာသင်တန်း ၄။စက်မှုအင်ဂျင်နီယာသင်တန်း
အစိုးရနည်းပညာအထက်တန်းကျောင်းမှ အထူးအောင်မြင်သူများအတွက် (က) သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ အစိုးရနည်းပညာအထက်တန်းကျောင်း အထူးအောင်မြင်ကြောင်း ထောက်ခံစာမူရင်း (ထောက်ခံစာတွင် မွေးသက္ကရာဇ်ပါရမည်) (ခ) အစိုးရနည်းပညာအထက်တန်းကျောင်း အောင်မြင်သည့် အမှတ်စာရင်း (မူရင်း) (ဂ) မိဘနှစ်ပါးနှင့် ကျောင်းသား၏ မှတ်ပုံတင် မိတ္တူ (ဃ) လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုဇယား (မိတ္တူ) (င) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း (စ) လိုင်စင်ဓါတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ) တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် (က) ကျန်းမာရေးကောင်းမွန်ကြောင်း ထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာမူရင်း (ခ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သည့် အမှတ်စာရင်း (မူရင်း) (ဂ) မိဘနှစ်ပါးနှင့် ကျောင်းသား၏ မှတ်ပုံတင် မိတ္တူ (ဃ) လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုဇယား မိတ္တူ (င) လိုင်စင်ဓါတ်ပုံ (၅)ပုံ (ရှပ်အင်္ကျီအဖြူ) - နည်းပညာနှင့် သက်မွးပညာလုပ်ငန်းသဘောအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(မကွေး) ကျောင်းသားရေးရာဌာနနှင့် ပေးထားသော Link ကို နှိပ်ပြီး download ရယူနိုင်ပါသည်။ Download here